Excellent POS Software
Teams & Policy
Company Profile
Excellent POS လုပ်ငန်းသုံး စာရင်းထိန်းကွန်ပြူတာစနစ်အား Excellent Business Management Solution Co.,Ltd မှထုတ်လုပ်ဖြန့်ချီပါသည်။
၂၀ဝ၉ ခုနှစ်မှယနေ့အထိ ၁၆ နှစ်တိုင်တိုင် မြန်မာနိုင်ငံလုပ်ငန်းရှင်များ အားကိုးရသော POS ဆော့ဖ်ဝဲပေါင်းများစွာ ထုတ်လုပ်ခဲ့ပြီး လုပ်ငန်းပေါင်း ၁၅၀ဝ၀ ကျော်တွင် အသုံးပြုနေကြပြီဖြစ်သည်။
အခြားနိုင်ငံများသို့ တင်ပို့ရောင်းချရသည်အထိ လူကြိုက်များကာ ကုမ္ပဏီထုတ် ဆော့ဖ်ဝဲအတန်းထဲတွင် စျေးအသက်သာဆုံးနှင့် ဝန်ဆောင်မှု အကောင်းဆုံးအဖြစ် နာမည်ကြီးပါသည်။
ယခင်ထုတ်ခဲ့သော POS ဆော့ဖ်ဝဲများမှာ Stand Alone Version များဖြစ်ပြီး ကွန်ပြူတာ တစ်လုံးထဲတွင်သာ အသုံးပြုရသည့် ဆော့ဖ်ဝဲများဖြစ်သည်။
ယခုနောက်ဆုံးထုတ်လုပ်သော ဆော့ဖ်ဝဲမှာ Cloud Version ဖြစ်ပြီး လက်လီလက်ကားလုပ်ငန်းများတွင် အသုံးပြုရန် ရည်ရွယ်ပါသည်။
Excellent ၏မူဝါဒဖြစ်သော cheap, easy, useful ဆိုသည့်အတိုင်း လုပ်ငန်းရှင်များ အကျိုးရှိမှုကို အစဉ်ရှေးရှု၍ feedback များအား အစဉ်အမြဲ ကြိုဆိုလျှက်ရှိပါသည်။လျှက်ရှိပါသည်။
Cloud Version ဆိုသည်မှာ
(၁) Colud version သည် data များအား internet မှတစ်ဆင့် cloud server တွင်သိမ်းဆည်းပေးသော စနစ်ဖြစ်သည်။
(၂) POS ဆော့ဖ်ဝဲအား internet ဖြင့်ချိတ်ဆက် အသုံးပြုရမည်။
(၃) ဆိုင် အကြီးအသေးနှင့် လုပ်ငန်းသဘာ၀ပေါ် မူတည်ပြီး Phone, Tablet နှင့် computer တို့တွင် လိုအပ်သလို အသုံးပြုနိုင်သည်။
(၄) အားသာချက်မှာ မည်သည့်နေရာ မည်သည့်စက်မှာမဆို ကြည့်ရှုအလုပ်လုပ်နိုင်မည်ဖြစ်သည်။
Register ပြုလုပ်ခြင်း
(၁) Excellent POS အားအသုံးပြုရန်အတွက် ဆိုင်ရှင်၏ မှတ်ပုံတင် / နိုင်ငံသား စီစစ်ရေး ကဒ်ဖြင့် Register ပြုလုပ်ရပါမည်။
(၂) Register မှတ်ပုံတင်ထားသူသာလျှင် ဆော့ဖ်ဝဲအား အပြည့်အဝ ပိုင်ဆိုင်သူဟု ကုမ္မဏီမှ သတ်မှတ်ပါသည်။
(၃) ဆော့ဖ်ဝဲသို့ Login ဝင်ရောက်ရန်အတွက် ပိုင်ရှင် ဖုန်းနံပါတ် တွင် (otp) ကုတ်ကျ၍ ဝင်ရောက်နိုင်ပါသည်။
(၄) OTP code ကျသော ဖုန်းနံပါတ်အား ချိန်းရန်အတွက် မှတ်ပုံတင်ထားသူမှ မှတ်ပုံတင်ကဒ်ပြား နှင့်အတူ ကုမ္မဏီသို့ လာရောက်အကြောင်းကြားနိုင်ပါသည်။
Account စည်းမျဉ်း
(၁) User Account တစ်ခုသည် စက်တစ်လုံးတွင် login ဝင်ထားပါက အခြားစက်များတွင် login ဝင်၍မရပါ။
(၂) Logout ထွက်ပြီးမှသာ အခြားစက်တစ်လုံးတွင် login ဝင်အသုံးပြုနိုင်သည်။
(၃) မည့်သည့်စက်တွင်မဆို login ဝင်၍ အသုံးပြုနိုင်သော်လည်း တစ်ကြိမ်တွင်စက်တစ်လုံးသာ အသုံးပြုခွင့်ပြုပါသည်။
(၄) User Account သည် ဆိုင်ရှင်ခွင့်ပြုသော function များကိုသာအသုံးပြုနိုင်သည်။
Login ဝင်ခြင်း
(၁) ဆော့ဖ်ဝဲ login ဝင်ပါက Register ဖုန်းထံသို့ OTP sms ပို့ပေးပါသည်။
(၂) User account, Password နှင့် OTP မှန်မှသာ ဝင်ရောက်ခွင့်ရှိသည်။
(၃) ဆိုင် account တွင် လက်ကျန်ငွေ လျော့နည်းနေပါကလည်း login ဝင်၍မရနိုင်ပါ။
(၄) OTP code သည် ဆိုင်၏ အချက်အလက်များလုံခြုံမှုရှိစေရန်အတွက် အခြားသူအား လုံး၀ မပေးမိစေရန် သတိပြုပါ။
ငွေဖြည့်ခြင်း
(၁) ဆိုင် account သို့ငွေဖြည့်ပြီး ဆော့ဖ်ဝဲအသုံးပြုခအား ၎င်းငွေမှဖြတ်တောက်သွားမည်။
(၂) ငွေဖြည့်ခြင်း၊ ငွေဖြတ်ခြင်းနှင့် လက်ကျန်ငွေများအား စာရင်းတွင် အမြဲ ဖော်ပြပေးထားပါသည်။
(၃) ငွေဖြည့်ရာတွင် Excellent Company သို့ ဖော်ပြပါ bank acc များထံငွေလွှဲရပါမည်။
(၄) လွှဲလိုက်သော ငွေပမာဏအား ဆိုင် account သို့ဖြည့်ပေးမည်ဖြစ်သည်။
Database
(၁) ဆိုင်၏ အချက်အလက်များအား cloud တွင်သိမ်းထားသည့်အတွက် လုံခြုံမှု အပြည့် ရှိပါသည်။
(၂) အသုံးပြုသော server down သွားပါက နာရီပိုင်းအတွင်း အခြား server တစ်ခုဆီ ချက်ချင်း ရွှေ့ပြောင်းပေးပါမည်။
(၃) အချက်အလက်များအား လုံခြုံစိတ်ချရသော Microsoft server တွင် backup လုပ်ပေးထားပါသည်။
စက်ပိုင်း
(၁) ကွန်ပြူတာ၊ ဘောက်ချာပရင်တာ နှင့် barcode scanner များကိုမိမိကြိုက်ရာဆိုင်တွင်ဝယ်ယူအသုံးပြုနိုင်သည်။
(၂) လက်ကိုင်စက် (HandHeld) နှင့် Tablet (Touch Screen) ကိုတော့ သတ်မှတ်ထားသော SUNMI တံဆိပ်ကိုသာ အသုံးပြုရပါမည်။
(၃) SUNMI မဟုတ်သော အခြားစက်များတွင် ဆော့ဖ်ဝဲ run ခွင့်မပြုထားပါ။
(၄) barcode printer ကိုလည်း Xprinter Model တစ်ခုကိုသာအသုံးပြုခွင့်ပေးထားပြီး အခြားတံဆိပ်များအသုံးပြုပါက ထုတ်လို့ရမည်မဟုတ်ပါ။
Excellent ဝန်ဆောင်မှု
(၁) Excellent POS company သည် စာရင်းထိန်းဆော့ဖ်ဝဲတစ်မျိုးတည်းကိုသာ ထုတ်လုပ်ရောင်းချခြင်းသာမက လုပ်ငန်းရှင်များအတွက် မရှိမဖြစ် လိုအပ်သော အခြားဝန်ဆောင်မှု ကုမ္ပဏီများနှင့်ပူးပေါင်း၍ ဝန်ဆောင်မှုပေးရန်စီစဉ်ထားပါသည်။
(၂) လုပ်ငန်းများအတွက် လိုအပ်သော စီးပွားရေးသင်တန်းများ၊ လုပ်ငန်းအကြံပေးကုမ္ပဏီများ၊ လုပ်ငန်းစနစ်ချပေးသော business coach များ၊ ဝန်ထမ်းရှာဖွေရေး အေဂျင်စီများအပြင် ဆိုင်းပုဒ်လုပ်ငန်းများ၊ decoration လုပ်ငန်းများမှအစ ဗေဒင်အဆုံး စုဖွဲ့ထားကာ လုပ်ငန်းရှင်များအား one stop service အတွက် ကြိုတင်ပြင်ဆင်ထားပါသည်။
(၃) ၎င်းတို့အား Software တွင်အလွယ်တကူရှာဖွေ ချိတ်ဆက်နိုင်ရန်ထည့်သွင်းပေးထားပါသည်။